WFH Marketing & Video Production Team Member (Male, Urgent)
အိမ်မှာနေပြီး အလုပ်လုပ်ရမယ့် (WFH) Marketing နှင့် ရိုက်ကူးရေး Team အတွက် ကျား (၁) ဦး အမြန်ခေါ်ယူနေပါတယ်။ အလုပ်ချိန်က တနင်္လာမှ သောကြာ (8AM မှ 4PM) ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရက်များ ပိတ်ပါတယ်။ Shooting ရက်တွေမှာ လိုက်ပေးရမှာဖြစ်ပြီး တစ်လကို အနည်းဆုံး ၅ ရက် မှ ၆ ရက်ခန့် ရှိပါတယ်။ Marketing related experience ၆ လနဲ့အထက်ရှိပြီး ရိုက်ကူးရေးနဲ့ ကြော်ငြာတွေကို စိတ်ဝင်စားသူကို ပိုဦးစားပေးပါတယ်။ Must have requirements: အိမ်မှာ Desktop/Laptop ရှိပြီး WiFi လိုင်းကောင်းရမယ်၊ Responsive ဖြစ်ပြီး Member တွေနဲ့ Collaborate လုပ်နိုင်ရမယ်၊ Senior တွေပြောသမျှ အကုန်လိုက်လျောတာမဟုတ်ဘဲ အပြုသဘောဆောင်တဲ့ မေးခွန်းတွေ ပြန်မေးနိုင်ရမယ်၊ အလုပ်တစ်ခု မအောင်မြင်မချင်း ကြိုးစားလုပ်တတ်သူ ဖြစ်ရမယ်။ လျှောက်လိုသူများက CV၊ အလုပ် Join ချင်ရတဲ့ ရည်ရွယ်ချက်နဲ့ Expected salary တို့ကို Mail သို့မဟုတ် Viber ဖြင့် ပို့ပေးရပါမယ်။
ဆက်သွယ်မယ်
09953233153 (Viber) or nick@multiproductions.org
NexusKit က အဖွဲ့ဝင်ချင်း ငွေပေးချေမှုကို မကိုင်တွယ်ပါ။ ကြိုတင်ငွေ မလွှဲခင် သေချာစစ်ဆေးပါ။